User:Arkamh apa/sandbox

[[ frameless ÁŘÁĶÁŇ ]]

  1. ရခိုင်ပြည်ဒေသသို့ ပထမဆုံး ဝင်ရောက်လာခဲ့သော လူမျိုး

-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-

edit

အိန္ဒိယပြည်၊ ဥတ္တရပထတိုင်၊ အသိတဉ္စနမြို့နှင့် မဓုရ( မထူရ ) ( သုရသေနမြို့တော် ) ယမုံနာမြစ်၏ အနောက်ဘက်ကမ်းတွင် တည်ရှိနေသည်။ ထိုမြို့တော်မှာ လူမျိုးတို့သည် ရခိုင်ဒေသသို့ အစောဆုံး ဝင်ရောက်လာသူများ ဖြစ်ရာ ထိုလူမျိုးတို့ကား ဒရာဗီဒီ ယန်လူမျိုးများသာ ဖြစ်သည်။ ထိုလူမျိုးကို ဒြိဗိဒ,ဟု ခေါ်ပြီး၊ ဒြဗိဒ မင်းသားမှ ဆင်းသက်ပေါက်ဖွားလာသူ ခတ္တိယနွယ်ဝင်များ ဖြစ်ပြီး၊ အင်္ဂလိပ်စကားဖြင့် ဒရာဗီဒီယန်လူများသာ ဖြစ်သည်။ ရခိုင်တို့၏ ခေတ်ဦးဒွါရာဝတီ ၊ ခေတ်ဦးဝေသာလီ,တို့နှင့်သာ ဒရာဗီဒီယန်လူမျိုး နဲ့သာ ဆိုင်ပါသည်။

  1. ဒရာဗီဒီယန်လူမျိုးများအောက်တွင် လူမျိုး ( ၅ )မျိုး ရှိသည်။

၁။ အန္ဓရလူမျိုး ၂။ ကာရ်နာတက္ကလူမျိုး ၃။ ဂူဂျာရာလူမျိုး ၄။ တိလိင်္ဂလူမျိုး ၅။ မဟာရာသျှတြလူမျိုး,တို့ ဖြစ်ပါသည်။

  1. ဒရာဗီဒီယန်လူမျိုးတို့တွင် စကား ဘာသာ ( ၅ )မျိုး ရှိသည်။

၁။ တမီးလျဘာသာစကား ၂။ တလေဂူဘာသာစကား ၃။ ကနာရီဘာသာစကား ၄။ မာလာယာဘာသာစကား ၅။ တူလုဘာသာစကား,များ ဖြစ်သည်။

  1. ဒရာဗီဒီယန်လူမျိုးတို့၏ လူမျိုးပွား

၁။ ယဓု( ခေါ် )ယာဒေဝလူမျိုး။ ၂။ ယောဒေယျ( ခေါ် )ယာဒဝလူမျိုး။ ၃။ ယဒုလူမျိုး။ ၄။ သတဝတ္တလူမျိုး။ ၅။ ကုရုလူမျိုး။ ၆။ ဗြိသျှနိလူမျိုး။ ၇။ သုရသေနလူမျိုး။ ၈။ အန္ဓရလူမျိုး။ ၉။ ကာရ်နာတက္ကလူမျိုး။ ၁၀။ ဂူဂျာရာလူမျိုး။ ၁၁။ တိလိင်္ဂလူမျိုး။ ၁၂။ မဟာရာသျှတြလူမျိုး,တို့ ဖြစ်ကြသည်။

  1. ကုရုလူမျိုး

ကုရုလူမျိုးတို့သည် အာရီယန်လူမျိုးတို့နှင့် သွေးနောကာ အာရီယယန်ကျေးမှုကို လုံးဝဥဿုံလက်ခံကျင့်သုံးသွားခဲ့ကြပြီး၊ ကုရု-ပဉ္စာလ အုပ်ချုပ်သူများ ဖြစ်သွားခဲ့ကြသည်။

  1. ဗြိသျှနိလူမျိုး

ဗြိသျှနိလူမျိုးတို့သည် အာရီယန်တို့၏ သွေးနောမှုကို အသတကြည် လက်မခံ ဆန့်ကျင် အာခံမှုပြုခဲ့သောကြောင့် အာရီယန်တို့၏ ချေမှုန်းခြင်းကို ခံခဲ့ရသဖြင့် တိမ်ရှောင် ထွက်ပြေး သွားခဲ့ကြသည်။

  1. ရခိုင်ရာဇဝင်လာ ဘီလူး

ငရက္ခိုက်၊ ရက္ခနီ၊ ရက္ခိုက်၊ ရက္ခိသ်၊ ရက္ခသျှလူမျိုးတို့၏ ရှေးဦး လူများသည့် ဘီစီ( 4000 )ပတ်ဝန်းကျင်က ကမ္ဘာအရှေ့ရင်း ဒေသ အလွန်ဖွံ့ဖြို့သော ယဉ်ကျေးမှုကို ထူထောင်ခဲ့ကြသူ ယူရိုပွိုက်လူမျိုးကြီးဝင် အသားအနည်းငယ်မဲသော သူများသာ ဖြစ်ကြပါသည်။

  1. သတိထားရန်

ဘီစီ( 5 )ရာစုတွင် ဖွဲဆိုသည်ဟု ယူဆကြသော ဇာတ်တော်ကျမ်း ( epis-ရာမယန ၊ မဟာဘာရတ )ကျမ်းများအရ အာရီယန်တို့ ပိုင်စိုးသော ကုရု-ပဉ္စာလဒေသကို အာရီယန်မဟုတ်သော နိုင်ငံများ ပတ်ပတ်လည်ဝိုင်းလျက် ရှိနေသေးကြောင်းကို ဖော်ပြထားသည်ကို တွေရမည်သာ ဖြစ်သည်။ ယင်းအနက် အရေးပါသော လူမျိုး ( ၅ )မျိုး ၊ လူမျိုးစု ( ၅ )စု,ကိုလည်း ဖော်ပြထားသည်။

  1. လူမျိုး ( ၅ )မျိုး

၁။ နိသာဓလူမျိုး ၂။ နာဂလူမျိုး ၃။ ရက္ခသျှလူမျိုး ၄။ ဝါနရလူမျိုး ၅။ ဂန္ဓဗ္ဗလူမျိုး,တို့ ဖြစ်ကြသည်။

ဤသည်ကား ရခိုင်ဒေသ ခေတ်ဦးဒွါရာဝတီ ခေတ်ဦးဝေသာလီ,တို့သည် ခတ္တိယနွယ်ဝင် ဒရာဗီဒီယန်လူမျိုးများနှင့်သာ သက်ဆိုင်သည်။

  1. မှတ်ချက်

ရခိုင်ဒေသသို့ လူမျိုးများသည် ၃-ကြိမ် ၃-ခါ ဝင်ရောက်ခဲ့ရာ ရခိုင်တို့၏ ဓညဝတီခေတ်တွင် သကျသာကီဝင်များနဲ့သာ သက်ဆိုင်လာသည်။

  1. ထပ်ဆင့် မှတ်ချက်

ခေတ်ဦးရခိုင် သမိုင်းဆောင်းပါးများ နီမင်းသျှင်( စစ်တွေ ) 2019-ခု ၊ ဇွန်ထုတ် စာအုပ်က ကောက်နှုတ် ရေးသားလိုက်သည်။ Crd : Love Arakan Music