လူမည်းစစ်စစ်ဆိုတာ ⚜⚜⚜⚜⚜⚜⚜⚜ အသားမည်သူများအတွက် အကာအကွယ်ဂါထာ 💠⚜💠⚜💠⚜💠⚜ န ကဏှော တစသာ ဟောတိ၊

အန္တောသာရော ဟိ ဗြာဟ္မဏော။

ယသ္မိံ ပါပါနိ ကမ္မာနိ၊

သ ဝေ ကဏှော သုဇမ္ပတိ။

(ဇာ၊ ၁၊ ၁၈၄၊ ၂၀၂ )

သုဇမ္ပတိ - သုဇာနတ်သမီး၏လင်၊ တစသာ - အဆင်းအရေဖြင့်၊ ကဏှော - မဲနက်ခြင်းသည်၊ န ကဏှော - မည်းနက်ခြင်းမမည်၊ ဟိ သစ္စံ - မှန်၏၊ အန္တောသာရော - အတွင်း၌ သီလ သမာဓိ အစရှိသော အနှစ်တို့နှင့်

ပြည့်စုံသောသူသည်၊

ဗြာဟ္မဏော - ဗြာဟ္မဏမည်သည်၊ ဟောတိ - ဖြစ်၏။ ယသ္မိံ - အကြင်သူ၌၊ ပါပါနိ ကမ္မာနိ - မကောင်းမှုကံတို့သည်၊ သန္တိ - ရှိကုန်၏၊ သော - ထိုသူသည်၊ ဝေ - စင်စစ်၊ ကဏှော - မည်းနက်၏။

(ညောင်ကန်၊ နိဿယ၊ ၄၀၈၊ ၅၉၂)

(ဆောင် )

လူမည်းဆိုတာ၊ သိကြားရာ၊ သေချာမှတ်စမ်းပါ။

အသားကိုသာ၊ ကြည့်၍သာ၊ မည်းတာ မမည်ပါ။

သီလစသား၊ အနှစ်များ၊ သူအားပြည့်စုံရာ။

ထိုသူမြတ်သာ၊ ဗြာဟ္မဏာ၊ သေခြာမှတ်စမ်းပါ။

မကောင်းမှုကံ၊ ရှိသူမှန်၊ ဧကန် မည်းသူသာ။

(မြန်မာပြန်)

သုဇာနတ်သမီး၏လင် အမောင်သိကြားမင်း အသားမည်းတာနဲ့ ငမည်းမဟုတ်ပါဘူး၊ တကယ်တော့ မိမိ၏ အတွင်းသန္တာန်၌ သီလ,သမာဓိ အစရှိတဲ့ အနှစ်တို့နှင့် ပြည့်စုံသောသူသည်သာ ​သူတော် သူမြတ်(စိတ်ထားဖွေးဖြူ သူတော်စင်သူတော်မြတ်) မည်ပေ၏၊ အကြင်သူသည် မကောင်းမှုကံများ ရှိနေပါက ထိုသူသည်သာ စင်စစ်

ငမည်းမည်၏။