10/30 Ampere မွ 10/60 Ampere သို ့...


♥--------------------

..... ယခုအခါ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း အနေဖြင့် - ၁။ ကျေးရွာသုံး 5/30A မီတာ ၂။ ၿမိဳ႕ငယ္သံုး 5/30A မီတာ ၃။ ၿမိဳ႕ႀကီးသံုး 10/60 A မီတာ ဟူ၍ မီတာ (၃)မျိုး ဖြင့် မီးသုံးသူ ပြည်သူများထံ တပ်ဆင်ပေးနေပါသည်။

  1. ၁။ကျေးရွာသုံး_5/30 A_မီတာ//
  2. ၂။မြို့ငယ်သုံး 5/30A_မီတာ__(၂)မျိုး_နှိုင်းယှဉ်ချက်

©©©©©♥®®®®®®®®♥©©©©©©©©©©

  • စျေးနှုန်းနှင့် အရွယ်အစား ကွာခြားသော်လည်း ဝန်အားနိုင်နင်းမှုမှာ အတူတူပင် ဖြစ်ပါသည်။ 5/30A ၏ သဘောမှာ အနည်းဆုံး 5A (၅-အင်ပီယာ) (Continuous ampere rating) နှင့် အများဆုံး 30A (၃၀-အင်ပီယာ)(Maximum ampere rating) နိုင်နင်းသည်ကို ဆိုလိုခြင်းဖြစ်ပါသည်။...တစ်နာရီကျော်ဆက်တိုက် ၃၀အမ်ပီယာထက်ကျော်သုံးက over load (ဝန်ပို)

ဒဏ်ကြေးဆောင်ရမည်။ (LED Alarm ပြသွားပါမည်)။

  1. ယခင်မြို့ပေါ်တွင်_တပ်ဆင်ပေးခဲ့သည့်
(၉၀၀၀၀ိ/-)တန် မီတာများသည် 10/30A ပင်ဖြစ်သဖြင့် အနည်းဆုံး 10A(၁၀-အင်ပီယာ) အများဆုံး 30A(၃၀-အင်ပီယာ) နိုင်နင်းသည်ကို ဆိုလိုခြင်းဖြစ်ရာ -
  1. မီတာ အမျိုးအမည်/အရွယ်အစား/ ပုံပန်းသဏ္ဍန်/ စျေးနှုန်း ကွာခြားသွားသည်မှလွဲ၍ အများဆုံးဝန်အားနိုင်နင်းမှုမှာ အတူတူပင်ဖြစ်ပါသည်။
  2. ပုံမှန်
အလင်းရောင် ရရှိရန်/ ချက်ပြုတ်ကြော်လှော်/ တစ်အိမ်သုံး ရေတင် ကိစ္စရပ်များပင် ဖြစ်ပါက ဖော်ပြပါ 5/30A မီတာနှင့်ပင် လုံလောက်ပါသည်။
  1. ၃။မြို့ကြီးသုံး_10/60A မီတာသည် အများဆုံး 60A (၆၀-အင်ပီယာ) နိုင်နင်းသဖြင့် တစ်နိုင်တစ်ပိုင် ရေဘော်စက်များ သုံးစွဲသော ပရိဘောကလုပ်ငန်းများ/ တစ်နိုင်တစ်ပိုင် မုန့်လုပ်ငန်းများ/ အသေးစား စားသောက်ဆိုင် လုပ်ငန်းများ အတွက် သင့်တော်သော မီတာဖြစ်ပါသည်။ ယခင်စျေး ကိုးသောင်းပဲဖြစ်သည်။

[***** ညွှန်ကြားချက်အရ ကျေးရွာသုံး မီတာများအား မြိုငယ်နှင့် မြို့ကြီးများတွင် တပ်ဆင်ခွင့် မရှိပဲ - - - ကျေးရွာနှင့် မြို့ငယ်များအတွက်မူ မြို့ငယ်နှင့် မြို့ကြီးသုံး မီတာအား လျှောက်ထားတပ်ဆင်နိုင် ပါသည်။*****] [မှတ်ချက်။ ။ အများဆုံး (၃၀-အင်ပီယာ) သုံးနိုင်သည်ဟု ဆိုသော်လည်း မီတာကိုလည်း ဝန်အပြည့် သုံးဖန်များက လောင်သွားနိုင်သဖြင့် ခံနိုင်ဝန်၏ ၇၀%ကို သာ သုံးစွဲသင့်သည်ကိုလည်း သတိပြုသင့်ပါသည်။] ယခင် 10/30 A မီတာ (လက်ရှိတိုင်ထိပ်တပ်ထားကြသော Ever တံဆိပ် Digital Meter သည် ဝပ်အား ၆၀၀၀ ထိ ခံနိင်သော်လည်း ၇၀% ဖြစ်သည့် ဝပ်၄၀၀၀ ခန့်သာ အိမ်တွင်းပစ္စည်းများစုပြုံသုံးသင့်သည်။.....♥ ယခု မြို့ကြီးသုံး 10/60 A အိမ်သုံးသည် ဝပ်၁၂၀၀၀ (12 kw) အထိ ခံနိင်ပြီး ခံနိင်ရည်၏ ၇၀% ဖြစ်သော ဝပ်၈၀၀၀ ခန့်ကိုသာ တစ်ချိန်တည်းပြုံသုံးသင့်သည်။ ♥ (ဗို့အား အတက်/အကျ ရှိသဖြင့် ပျမ်းမျှအနေဖြင့် 200W(၂၀၀-ဝပ်) သုံးစွဲပါက ဝန်အား 1A (၁-အင်ပီယာ) ရှိပါသည်။)။ တစ်ပြိုင်တည်း ဝပ် ၈၀၀၀ ကိုဆက်တိုက်တောက်လျှောက်သုံးနေပါက ဝန်အား ၄၀ အမ်ပီယာ ရှိနေမည်ဖြစ်ကာ တစ်နာရီကြာလျှင် ကိုးယူနစ် မီတာတက်ပါမည်။ အလုပ်ချိန်၈နာရီဆက်တိုက် သုံးပါက တစ်ရက်လျှင် ၇၂ယူနစ်...တစ်လလျှင် (၇၂x၂၆)= ၁၈၇၂ယူနစ် ကျသင့်ငွေ = ကျပ်ခြောက်သောင်းခွဲ ခန့်ကျပါမည်။ ♥ ဘာပဲပြောပြော.... လက်ရှိဝန်ပိုသုံးနေတဲ့ ရန်ကုန်အိမ်ခန်းတွေက အရင် တိုင်မှာကပ်တဲ့ 10/30 A (Digital) ကို ခုလမှအသစ်ထုတ်တဲ့ အိမ်တံစက်မြိတ်ကပ်တပ်ရမဲ့ မြို့ကြီးသုံး 10/60 A (Digital) ပြောင်းတပ်သင့်တယ်။ အိမ်မှာတပ်ထားတော့ မီတာဖတ်က Hand Held Unit (HHU) (သို့မဟုတ်)(OTG stick သုံး Mi phone များထဲလည်း software ထည့်ဖတ်ရသည်) များဖြင့်လမ်းထဲ ဆိုင်ကယ်ပေါ်မှဖတ်သွားပါစေ မိမိမျက်စိဖြင့်မီတာဘီလ်ထဲက ယူနစ်လစဉ်စစ်နိင်သဖြင့် အငြင်းမပွား အချင်းမများရတော့ပေ။ တစ်ခုလေးပါပဲ.....LED Alarm မီးလေးလင်းတာမျိူးတွေမှာ Alarm အမှတ်အလိုက် ဒဏ်ကြေးဆောင်ရမှာမို့ အရင်လိုမီတာယူနစ်ဖြိုဖို့မလွယ်တော့ပါပေါ့။ အမှန်သုံး၍အမှန်ဖြစ်ကာအမှန်ရကြပါစေ.... ps: မိမိနေ့စဉ်သုံးစွဲနေသောလျှပ်စစ်အသုံးအဆောင်ပစ္စည်းများ(အချို့လည်းပုံးခွံဗူးများထဲ)တွင် ၎င်းပစ္စည်းများ၏လျှပ်စစ်သုံးစွဲဝန်အား(Watt-W)ကိုချိန်၍မိမိတို့ယင်းပစ္စည်းကိုသုံးတဲ့ကြာချိန်ပေါ်မူတည်ကာ(ကီလိုဝပ်/နာရီ=တစ်ယူနစ်)တွက်ချက်ချင့်ချိန်ပြီးလစဉ်မိမိတို့အိမ်မီတာယူနစ်များကိုလတိုင်းသက်ဆိုင်ရာမြို့နယ်လျှပ်စစ်ရုံးများနဲ့ချိတ်ဆက်စစ်ဆေးရန်လည်းမမေ့ဖို့လိုပါကြောင်း)။ Engr Zaw Min Oo